Pages

Wednesday, January 1, 2014

Y320-C00 Root + Myanmar Font


V-Root V1.4

Y320C ဟာ ဈေးကွက်မှာ လူကြိုက်များလာပါတယ်.။ Version 4.1 ဖြစ်ပေမယ့် Emotion UI မသုံးထားတဲ့အတွက် User တွေအတွက် အခက်အခဲမဖြစ်စေဘဲ သုံးစွဲရ လွယ်ကူစေသလို Y300C, C8813 တို့မှာ ဖြစ်တတ်တဲ့ Viber အသံမထွက်ခြင်းစတဲ့ ဆော့ဖ်ဝဲလ်အယ်ရာတွေလည်း ကင်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Y300C, C8813, C8813D တွေမှာလို Network Unlock Code မတောင်းတဲ့အတွက်ကြောင့် ရောင်းသူတွေ အလုပ်မရှုပ်တော့သလို ၀ယ်သူတွေလည်း စိတ်ညစ်စရာ မလိုတော့လို့ ပိုပြီး လူကြိုက်များလာရတာပါ။ အရင်ကတော့ မြန်မာစာကို မှန်အောင် ရိုက်လို့ မရခဲ့ဘဲ လွဲနေခဲ့ပါတယ်။ ခုတော့ လက်တွေ့ စမ်းသပ်လုပ်ဆောင်ချက်အရ မြန်မာစာ လုံးဝ မှန်သွားပါပြီ။ ဒါဆို စလုပ်ကြည့်ကြရအောင်…

ပထမဆုံး ဒီလင့်ခ်ကို သွားပြီး V-Root ကို ဒေါင်းလုပ်ဒ်ဆွဲပါ။ ရှိပြီးသားသူများ မဆွဲဘဲနဲ့ စမ်းကြည့်နိုင်ပါတယ်။ မရရင်တော့ အင်တာနက်ဖွင့်ထားပြီး V-Root ကို ဖွင့်လိုက်ပါ။ ဒါဆိုရင် သူ့ဟာသူ auto update လုပ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ဒီပို့စ်မှာ ရေးထားတဲ့အတိုင်း Root လုပ်လိုက်ပါ။ Root လုပ်ပြီးရင် Restrat ကျသွားပါလိမ့်မယ်။ ပြန်တက်လာတဲ့အထိ စောင့်ပါ။

စက်ပြန်တက်လာပြီဆိုရင်တော့ မြန်မာစာ ထည့်ဖို့လုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်နိုင်ပါပြီ။ ဖုန်းမှာ Smart Zawgyi Changer လေးကို အင်စတော လုပ်လိုက်ပါ။ လိုချင်သူများ အောက်ပါလင့်ခ်များမှာ သွားယူနိုင်ပါတယ်။
mediafire
အင်စတော လုပ်ပြီးရင်တော့ Zawgyi Changer icon လေးကို နှိပ်ပြီး ဖွင့်လိုက်ပါ..
zawgyi icon
ပွင့်လာရင် Check root access ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် V-root နဲ့ လုပ်ထားတာမို့လို့ Allow လုပ်မလုပ် မေးပါလိ့မ်မယ်။ allow နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် အောက်ကပုံလေးအတိုင်း ပေါ်လာပါလိ့မ်မယ်။
zawgyi font changer 2
ဒီလိုပေါ်လာရင် စံမြန်မာဖောင့်+မြန်မာကီးဘုတ် သွင်းရန် (For all Device) ကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် ခဏလေး စောင့်ရပြီး reboot your device ဆိုတာလေး ပေါ်လာပါလိ့မ်မယ်။ နှိပ်ပြီး Restart ချလိုက်ပါ။ ပြန်တက်လာပြီဆိုရင် Setting ထဲသွားပြီး language and keyboard ထဲမှာ ပုဂံကီးဘုတ်ကို Default ရွေးပေးလိုက်ရင် မြန်မာစာမှန်မှန်နဲ့ ရိုက်နိုင်၊ သုံးနိုင်တဲ့ Y320 CDMA 800MHz ဟမ်းဆက်လေးတစ်လုံး ရလာပြီ ဖြစ်ပါတယ်။.. :)

1 comments:

  1. viberမှာ မြန်မာဖောင့်လွဲရင်ကော ဘယ်လိုလုပ်ကလည်းဟင်။ကျန်တာတွေတော့မှန်ပါတယ် ခင်ဗျ။

    ReplyDelete

 
 
back to top